ယေဘုယျအားဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်ရှော့လုပ်ငန်းများအတွက် အောက်ပါ ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။
Domain များ ဝယ်ယူ ထိန်းသိမ်းပေးခြင်း
Hosting များ ဝယ်ယူ ထိန်းသိမ်းပေးခြင်း
Ready-Made Design များဖြင့် ဝက်ဆိုက်များ ရေးသားခြင်း
Android နှင့် Windows သုံး ဆော့ဝဲများ ရေးသားခြင်း
မိမိတို့ လုပ်ငန်းများအတွက် ဘာကြောင့် ဝက်ဆိုက်တွေ၊ ဆော့ဝဲတွေ လိုအပ်လာတယ်လို့ ထင်ပါသလဲ?
ဆိုရှယ်မီဒီယာများ တွင်ကျယ်လာခြင်းကြောင့် မိမိတို့၏ လုပ်ငန်းများ ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို ဝယ်ယူသူများထံ အလွယ်တကူ ရောက်ရှိနိုင်နေပါပြီ။ တဖက်တွင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအသုံးပြုပါက ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ လုပ်ဆောင်ရခြင်း ရှိပါသည်။ မိမိတို့ ၎င်းတို့၏ စည်းကမ်းချက်များနှင့် ကိုက်ညီနေသမျှ မိမိတို့ လုပ်ငန်းနှင့် ပတ်သက်သော အကြောင်းအရာများကို တင်ဆက်နေနိုင်သော်လည်း မိမိတို့မှာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသိကို သတိပြုမိကြမှာပါ။ ပေ့ခ်များ ပျက်သွားခြင်း၊ အကောင့်များ ပိတ်သွားခြင်း စသည်၊ စသည်များစွာ ရှိပါသည်။ ဒါ့အပြင် မိမိတို့ကိုယ်တိုင်လည်းပဲ ၎င်းတို့၏ ထုတ်ကုန်သဖွယ် အလဲအလှယ်အဖြစ် ပြုကြရသည်ကိုလည်း သတိပြုစေချင်ပါသည်။
ဒါကြောင့် မိမိတို့ ကိုယ်တိုင် အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် အစီအစဉ်ကို ရှာဖွေထားဖို့ လိုပါသည်။ ဝက်ဆိုက်များပေါ်မှာ မိမိတို့ရဲ့ လုပ်ငန်း ဝန်ဆောင်မှုများနဲ့ ထုတ်ကုန်များကို မိမိတို့ စိတ်ကြိုက် ပြသခွင့် ရှိသည့်အတွက် ကိုယ်ရဲ့ ထိန်းချုပ်နိုင်မှုကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပြီး မိမိတို့ ဝက်ဆိုက်၊ အက်များ လူသိများရင် များလာသလောက် ပရိတ်သတ်များ ရရှိလာပါကလည်း မိမိတို့၏ ပရိတ်သတ်ဟု အပြည့်အဝ ဂုဏ်ယူရမည်ဖြစ်သည့်အပြင် မိမိတို့ ထုတ်ကုန်ပစ္စည်းများနဲ့ ဝန်ဆောင်မှုများကို ပရိတ်သပ်ထံ ကြားခံ အများပိုင် ဆိုရှယ်မီဒီမလိုဘဲ တိုက်ရိုက်ပို့ဆောင်နိုင်မည် ဖြစ်သည်။
ဒီလိုဆို မိမိတို့ လုပ်ငန်းအတွက် တကယ်ပဲ ဝက်ဆိုက်တို့ အက်တို့ ရေးသားဖို့ လိုနေပြီလား? အဲဒီလို လုပ်တဲ့အတွက် အကျိုးရလဒ်တွေက ဘာတွေ ဖြစ်မလဲ? အဲဒီလို မလုပ်တဲ့အတွက်ကော ရလဒ်က ဘာတွေ ဖြစ်မလဲ? စဉ်းစားကြည့်ဖို့ အချိန်တန်ပါပြီ။
မိမိတို့ လုပ်ငန်းအတွက် ဝက်ဆိုက်၊ အက်များ ရေးသားလိုပါက ကျွန်တော်တို့ လုပ်ငန်းထံ ဆက်သွယ်၊ စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။
© 2023 eBusiness IT Solutions. Powered By Themeforest