အဓိကကတော့ ဝယ်သူနဲ့ ဖုန်းနဲ့ တွဲမှတ်ထားတဲ့ သဘောပါပဲ။ ဒါမှ ဆော့ဝဲကို အပြည့်အစုံ သုံးလို့ရအောင် လုပ်ပေးတဲ့အခါ အဆင်ပြေမှာ ဖြစ်ပါတယ်။
Phone မှတ်ပုံတင်ရန်ဆိုတဲ့ ခလုပ်မှာ နှိပ်ပြီး ဆော့ဝဲ ဝယ်ယူမယ့် နာမည်၊ ဖုန်း၊ အီးမေးလ်တို့ကို ထည့်ပြီး Submit ခလုပ်ကို နှိပ်ရတာပါ။ အင်တာနက်လိုင်း လိုပြီး ပေးပို့ပြီးကြောင်း ပြတဲ့အထိ လုပ်ဆောင်ရပါတယ်။ နာမည်အရင်း၊ ကိုယ်အမြဲသုံးနေတဲ့ ဖုန်းနဲ့ အီးမေးလ်တို့ ဖြစ်ဖို့လိုပါတယ်။ အချက်အလက်တွေ မှန်မှ ဝန်ဆောင်မှု ရယူတဲ့အခါ လွယ်ကူမှာ ဖြစ်ပါတယ်။
အချက်အလက် ရောက်လာပြီဆိုရင်တော့ ဆော့ဝဲ ဝယ်ယူမှာလား၊ ဝယ်ပြီးသားအတွက် ပြန်လုပ်စေချင်တာလားဆိုတာ ပြောပြပေးသင့်ပါတယ်။ ဒါမှလည်း အချက်အလက်တွေ စစ်ဆေးပြီး အမြန်ဆုံး Full Version ကို ပြန်လည် အသုံးပြုနိုင်အောင် ကူညီပေးလို့ ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆို Phone မှတ်ပုံတင်တယ်ဆိုတာ ဘယ်လို လုပ်ဆောင်ရတယ်ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ဆော့ဝဲနဲ့ ပတ်သက်ပြီး အဆင်မပြေတာရှိရင်လည်း ဆက်သွယ် ဆောင်ရွက်စေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
© 2023 eBusiness IT Solutions. Powered By Themeforest